Friday, May 3, 2013

လွမ်းသူကိုလမ်းပြပေးပါ ကဗျာလေး



““လွမ်းသူကိုလမ်းပြပေးပါ ””
ကာရံတွေပျောက် ၊ မိုးမှောင်ရောက်လို့ အလွမ်းတွေက ၊မခွဲခွါရက်နိုင်
မျက်ရည်မြစ်မင်း ၊ အလွမ်းလှေတစင်း ၊ ငါအမြဲရွက်လွှင့်
ကမ်းလည်းမတွေ့ ၊ လမ်းလည်းမေ့မို့ ၊ လမ်းပြပေးပါ ၊ အို...ကြယ်စင်ငယ်။
သောကအပူ ၊ ရင်မှာဆူလို့ ၊ အပူငြိမ်းဆေး ၊ ချိုမြအေးသည့်
ပုလဲငွေရောင် ၊ မေတ္တဆောင်ပေး ၊ ငါ့ရင်နွေးဖို့
ဆင်းပေးလှည့်ပါ ၊ SNOW QUEEN.ရယ်။။၊။။။။။။။။။။။။
မင်းထွက်သွားတဲ့နေ့ ၊ မိုးဝသန်က.တရစပ်တိုက်စစ်ဆင် ၊ အခုချိန်တိုင်ပေါ့။
စပါးရွှေဝါရိုက်လှဲ ၊ ငါ့ရင်ခွဲတဲ့ မိုး ၊ အငြိုးတေးမဲ ၊ တသဲသဲမို့
ကြယ်ကလေးတွေ ၊ ပုန်းရှောင်ခိုဝင် ၊ နှင်းကလေးတို့ ၊ ငိုပွဲဆင်နေရ
ငါ့ ရင်တမမ ၊ သူတ ? နှင့်အပြိုင် ၊ ငိုပွဲဝင်နေရပြီ။။။.
နင်ကတော့..ဟိုးးးးးးအဝေးဆီ ၊ ထွက်သွားရပြီ
နှုတ်ဆက်ခွင့်လေး ၊ ကံကြမ္မာမပေးလို့ ၊ ငါတကယ်.......

ဝမ်းနည်းဝမ်းသာ ၊ အမြဲတမ်းပဲ ၊ ငိုနေရရှာပေါ့။။။
ဥသြသံလေးတွေ ၊ တေးသွားလေးလည်း ၊ နားဝင်မချို ?
ပင်ပျိုထက်က ၊ ရွှေဂျိုးကူသံ ၊ ဆူဆူညံဖြစ်
ငါအချစ်ဆုံး ၊““ ဆည်းလည်းရှိုက်သံ””
ခုတော့လည်း ““နေရစ်တော့ကွယ်သွားတော့မယ်””
...ဦးထီးကလည်း ၊...““GOOD BYE””
...ဦးစိုးကြီးက ““နှုတ်မဆက်နဲ့ငိုချင်တယ်၊””  (ပန်ုချစ်သူ)

0 comments:

Post a Comment