http://panchitthu.blogspot.com/
&&##......နူတ်ဆက်မိုးလေး……##&&
မိုး၊အငြိုးဖွဲ့သွန်းဖြိုး၊
ဝိုးတဝါးအိပ်မက်၊လွမ်းဆိပ်တက်ဝိညာဉ်၊
အသွင်လှပပဉ္စလက်၊ငါ့အတွက်ဖြစ်လာ၊
ပျော်စရာအဖြစ်၊ငါနှစ်သက်မိပေါ့။။။။။။
စိတ်ကူးယဉ်ဝတ္ထုရှည်၊ငါလေဖတ်ရတော့၊
ရသစုံသရုပ်၊အဟုတ်လို့ငါထင်၊
ခြောက်ပြစ်စင်တဲ့၊မင်းသမီး/သားကမင်းပါ၊
စွဲလမ်းသူငါပဲ၊အမြဲလို့ထင်မိ၊
ဘဝင်ငြိလှိုက်တုံ၊ယုံတမ်းလို့မထင်၊
မင်းကအရှင်သခင်၊ငါ့ရင်မှာကွင်း/ကင်းလေ။။။။။
တရေးနိုးတော့၊အရာအားလုံးက၊
ဒီဇင်ဘာအိပ်မက်လို့၊သဘောပေါက်ပါပြီ၊
ချယ်ရီကျောခိုင်း၊ရေလှိုင်းထက်က၊
ပုံရိပ်လေးလို၊မြင်တွေးမိပါတယ်။။။။။
ကာလာများတဲ့လောက၊လူပုတ်သင်ညို၊
ယမင်း/ကိုလူပျိုတွေရဲ့၊အပြုံးချိုချိုအဆိပ်၊
တံဆိပ်ဗလာ၊မာယာမျက်နှာဖုံး၊
ငါအမုန်းဆုံးမို့၊ကမ္ဘာအပြင်ဘက်ဆီ၊
မောင်းထုတ်လိုက်ပါသည်၊တကယ်အတည်။။။။။( ပန်းချစ်သူ
)
0 comments:
Post a Comment