““……….ထွက်ခွါသွားသူ……””
မေ
ဇွန်မိုးရေ..ဒီရင်မှာပူပြင်း ၊ ငြိမ်းအေးစေဖို့
မိုးပုလဲဖွေးဖွေး
၊ ဖြန့်ကျဲ ပက်ဖျန်းလှည့်ပါ
နင်မရှိတဲ့
.ဂေဟာလေးလည်း ၊အထီးကျန်နေရ
တခါတလေ
၊ အိမ်လေးကလက်မခံ ၊ ယောင်လည်လည်နဲ့
ဝမ်းနည်းခြင်းတွေ
၊ ဆောင်းကျဉ်းကာဖြင့် ၊ပြန်ခဲ့ရသူ……။
မေဇွန်မိုးးးးDAY
BYE DAY ၊အငြိုးနဲ့များ ၊ ရွာသွန်းနေသလား!
လွမ်းနေတဲ့ငါ
၊ ယောင်ချာချာလမ်းပျောက်
ပိုးစုန်းကြူးငယ်
၊ လမ်းပြပေးပါလားကွယ်။။။
နင့်အတွက်
၊ ဂုဏ်ယူမဆုံးး ၊ မပြုံးနိုင်ပေမယ့် ၊ ကာရံမဲ့POEMS
မိတ်ဆွေပြုလျက်
၊......ဖြေသိမ့်နေရပေါ့။
ဝတ်လုံအတတ်
၊ ပြီးဆုံးလတ်သော်
ဥပဒေခြစား
၊ တို့ပြည်သားတွက် ၊ မားမားမတ်မတ်
သမာသမတ်ကျ
၊ ရှေ့ကရပ်တည် ၊ ကယ်ဆယ်ဖေးမ ၊ဆောင်ရွက်ပေးပါ
အောင်ပန်းသရဖူ
၊ ဆွတ်ချူနိုင်ပါစေ ၊ တောင်းဆုခြွေသည်
မလွဲအမှန်
၊ ပြည့်ပါစေသတည်း၊၊။>>>>>>>>>>
(တချိန်ကဇာတ်လမ်း
မျက်ရည်များဖြင့်ရေးခဲ့ရသည်..ပန်းချစ်သူ)
ကဗျားလေးကအရမ်းကောင်းပါတယ် နောင်ကိုလဲအမြဲအားပေးနေပါမယ်
ReplyDelete