ပန်းချစ်သူ

အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်..။

ပန်းချစ်သူ

ကဗျာ ချစ်သူများအတွက် အပျော်တမ်း ဘလော့လေးတခုပါ။

ပန်းချစ်သူ

ခံစာချက် ကဗျာလေးတွေ ရေးသားပေပို့ နိုင်ပါတယ်။

ပန်းချစ်သူ

အားလုံး ကျန်းမာချမ်းသာကြပါစေ..

ပန်းချစ်သူ

လိုရာဆန္ဒ ပြည့်ဝကြပြီး ပျော်ရွှင်နိုင်ကြပါစေ..

Friday, February 26, 2016

တပေါင်းနွေ

`` တပေါင်းနွေ ´´
ရေလိုကြည်အေး ပူဝေးစေရန်
ပေါင်းစုကာပြု လှူဒါန်းမှုလျှံ
ချစ်စရာ့ မြန်မာဓလေ့ဟန်
မြန်မာတို့ရဲ့. မပျက်အမွေ
...တပေါင်းနွေမှာလေ...
.
တပေါင်းနွေလှ.စာသပန်းချီ
ဆေးချယ်မဆုံး.တေးသီမကုန်
ကြူးရင့်ဥသြ.နံနက်တေးသံ
ထွန်းလင်းဖြာလျှက်.နေရောင်ရှိန်နှင့်
တူပြိုင်ကာလှသည်လေး..
.
တပေါင်းနွေဆီ.တမ်းတပါသည်
.
ရော်ရွက်ဝါ ကြွေကာကျ
မြေမှာခ စီရီ။
..
လေသဘာဝ နှောက်ပွေလီတယ်
ရောက်လေပြီ နွေဦး ။
.
ရဂုံတွင်း ဆူဆူညံ
ပင်မြင့်ယံ ကျေးငှက်တို့မြူး ။
.
နွေသရုပ် လက်ပံနီ
ရဲရဲညီ ပွင့်ဖူး ။
.
ဥသြငယ် တွန်ကျူးလို့
သရက်ဖူး ကြိုင်စွာ ။
.
ပတ်ဝန်းကျင် လွှမ်းထုံပျံ့
သင်းရနံ့ ပန်းလှတမာ ။
.
မန်ကျည်း၊ဇီး မှည့်ဝင်းရှာသည်
ကန်တို့မှာ ရေရှားလို့..။
.
စပါးနှံ ပေါပြည့်ကြွယ်
ရေလျှံမှစိမ်းသည်နှင့်လေး ။
..
လက်ပံကောက်ရင်း.လွမ်းတေးသံဆို
မေ့မှာလေငိုတပေါင်းနွေပျို.။
.
လွမ်းရတယ် နေ့စဉ်ပေါ့လေး ။ ။

From Myamar View.

Myamar View


Wednesday, February 17, 2016

“ငါ့ရင်ခွင် မြင်ကြည့်စမ်းပါ ”



“ငါ့ရင်ခွင်မြင်ကြည့်စမ်းပါ
...................................♥.ငါ့ရင်ကို တံတိုင်းပြုနှိုင်းတုလို့လာမယှဉ်နဲ့ငါ့ ဟာ ပန်းတို့ရဲ့ ဘုရင်ပန်းကမ္ဘာရဲ့ရင်ခွင်မှာ ကခုန်ဖို့ကဗျာတွေ ဖန်တီးနေဆဲ
♥.ကဗျာအလှတွေတွက်မြတ်နိုးမှုကို သန္ဓေတည်တယုတယနဲ့ ပျိုးသည့်ပန်းညှိုးနွမ်းမှာလည်း စိုးပါသည်..။..♥.စိုးရိမ်စိတ်က စေတနာဖြူမြစ်ဧရာ အလျဉ်မျိုးနှင့်ပန်းကဗျာ အပင်ပျိုးခဲ့ပန်းသမျှ ဖြေသာချင်သည်။..♥ ပျိုးထောင်ခဲ့သမျှ မိုးမှောင်ကျခဲ့ပြီမို့တစ်ရံတခါတော့ လန်းဆန်းစေချင်တယ်ပျိုးထားတဲ့ပန်း မငြိုးနွမ်းစေချင်နှလုံးသားကို အရင်းပြုသွန်းထုခဲ့တာ ငါကိုယ်တိုင်ပါ.။
……………..
မြင်ကြည့်စမ်းပါ………ဟော့ဒိလက်တစ်စုံက ပျိုးခဲ့သမျှပန်းတော်ဝင်သဇင် နှင်းဆီ သော်က
ပန်းမာလာ မဟုတ်ခဲ့ရင်တောင်အသွေးအရောင်စုံတဲ့ကဗျာလေးတပုဒ်အဖြစ်လှပစေချင်ခဲ့တယ်။

..ပန်းချစ်သူ....

Friday, September 18, 2015

“ တရားရိပ် ”


“ တရားရိပ် ”
ဆယ်စုများစွာ ၊ ရှည်လျှားကျော်ဖြတ်
နှစ်ထပ်.ရက်ထပ် ၊ ဘ၀ဇာတ်ခုံ
ကြုံ ခဲ့သွယ်သွယ် ၊ အန္တရာယ်စုံ
တကယ်စုံခဲ့ပြီး….။
….
တောင်နှင့်တောလမ်း ၊ လက်ကမ်းလင့်ကြို
ရှေ့ကိုတိုးလိုက် ၊ မှောင်မိုက်ရှုတ်ထွေး
ငြိဘေး ဆွဲချ ၊ ၀ဲဂယက်တွင်း
လွှတ်လမ်းမမြင်တော့ပြီး…။
……
ပြည့်ဝတရား ၊ အများသူတော်
လွဲချော်မရှိ ၊ သစ္စာရှိရန်
ဤတောင်ယံမှာ ၊ ရုပ်နာမ်ခန္မာ
ဘယ်လိုရှာကြမလဲ…။
….
ကုန်းမြေတောတန်း ၊ အေးချမ်းငြိမ်ဆိတ်
တရားရိပ်မြတ် ၊ နိဗ္မာန်ဓါတ်လွမ်း
စခန်းတခု ၊ ဤတောစုမှာ
မုချမသွေရှိပါလေ၏။
…..

တော်ဝင်ဒဿန ၊ အနိစ္စနှင့်
ဒုက္ခ အနတ္တ ၊ ဓမ္မတရား
နှလုံးသား၌ ၊ ပြည့်ဝရွှင်ပျော်
သူတော်အများ ၊ တရားရှာရာ
ဘုရားကုန်းမြေဿသနမြေတည်း.။
……………………………………


……………………………………

...........ကမ္ဘောဇမြေမှပန်းချစ်သူ..............

Friday, September 11, 2015

“သီတဂူတက္ကသိုလ်၌ဆွမ်းကပ်ခြင်း”



.....ပန်းချစ်သူ.....

“မုန်းရက်နိုင်ဘူး”

သံယောဇဉ် နွယ်တစ်ခက်
သွယ်ယှက်ကာ ထားသော်လည်း
အမျှင်ဖြတ်ကာ သွားပြီမို့
အချစ်ရှုံးသူ နှလုံးသား
ပြုံးအားသော် မဲ့လေတော့
အမုန်းမဖက်၊ ပြုံးလျက်ဟန်
ကြင်နာပုံ အရိပ်နဲ့
လမ်းမဆုံး မုန်းခဲ့ရပြီ။

ပျက်မယွင်း ထွင်းခဲ့ရင်ထဲ
အသည်းအက္ခရာဒဏ်ရာကျန်လို့
သွေးမထွက်ပါပဲ၊ အမြဲစွဲအောင်
သူချည်နှောင်လို့  မေ့မေ့မူးမူး
ရူးမိုက်မတက်၊ မုန်းရက်ဘူး..။

အတ္တနဲ့စားဝင် သူတို့အမြင်
အထင်လွဲမှား နှလုံးသားမဲ့

ဆန့်ကျင်ဘက် လက်ကမ်းလို့
ရောင်ရမ်းကာဆီလူး
မုန်းရန်ရွယ်စူး၊ အချစ်ဦးမို့
မုန်းရက်နိုင်ဘူး……။




“ ထနောင်းငယ် " ထန်းရည် စစ်စ် ရပြီ...


===========================
* နေညိုညိုမှာ လေတွေပြို
တို့ရဲ့ " ဘကြီးညို "
Doe Khaung" ကိုလေ အဖေါ်လုပ်
ပဲလှော် ငပိသုပ် ။
* ဂဏန်းမီးဖုတ် Kaka" ရယ်
ကြာလှချည်လားကွယ်
ဆရာလွယ်အိတ်" လာပြီပေါ့
တစ်အိုး ချပါတော့ ။
* Ko Ko Maung" တော့ ဒေါင်းရှာပြီ
စကား တွေ မပီ
Yan Yan ဆီကို လျှောက်လို့သွား
မှောက်လျက်လဲပြီဗျား ။
* " သားကို " " Ko Phyo " တူတူလာ
" ဗျဂ္ဃရာဇာ " ပါ
Sa Yar Myo" ရေ နေပါဦး
ကား ရေဆေးနေတုန်း ။
* " Sai Mg Mg Oo " သောက်ဦးကွယ်
" စိုင်းဒီခမ်း " ကဝယ်
" Thaw Sit Naing " ရယ် အသောက်ကြမ်း
သုံးအိုး ကုန်ခမန်း ။
" ဘုန်းမိုးသွန်း " က အကြွေးဝယ်
ထနောင်း" ရန်တွေ့တယ်
Viber Min " ရယ် ဝင်လို့ လုံး
" Saw Say War " ကပြုံး ။
* " လွမ်းနေရသူ " ကူဦးဟယ်
" Ko Lay " မျက်နှာငယ်
အကြွေး ဝယ်မယ့် " နံနက်ခင်း "
စကား လမ်းကြောင်းခင်း ။
* Snow Queen " က ဆိုင်ရောင်းဖေါ်
Nunu San " နဲ့နော်
ပျော်ပျော်ရွှင်ရွှင် အမြည်းချ
" ထနောင်း " အားကိုးရ ။ ။ ။
" ထန်းရည်ဆိုင်က စည်သဗျ ။ ။ ။

အောင်ဇော်ဦး ( ကြို့ပင်ကောက် )

................................................................................
ပန်းချစ်သူ