Tuesday, July 18, 2017

** ဇူလိုင်​မှတ်​တမ်း ***

  1. ** ဇူလိုင်​မှတ်​တမ်း ***
  2. မြန်​တခွင်​ ပူဖြိုင်​ကျ
  3. ဇူလိုင်​လ. မှတ်​တိုင်​၊
  4. တူမှိုင်​ရ. ခပ်​ယိုင်​ယိုင်​ကွယ်
  5. သပ်​ခိုင်​ခိုင်​ (အ)ပူစွဲ ။
  6. ပန်း​ကောင်းတို့. ညွှန့်​ကျိုးကာ.ကွယ်
  7. ကျွန့်​မျိုးမှာ ​ဆွေးပူအသဲ ။
  8. ဇာနည်​မြတ်​ ပန်းကိုးသွယ်​.ကိုရယ်
  9. လွမ်းတိုးမယ်​ ​နေမြဲ။
  10. ကျွမ်းညိုးဖွယ်​ ​ကြေကွဲပါလို့
  11. ​ဝေမစဲ မျက်​ရည်​ ။
  12. ရာဇဝင်​ တိတ်​သမိုင်း​ပေမို့
  13. စိတ်​အရိုင်း လွမ်း ​ဖြေမဆည်​ ။
  14. စည်းလုံးခြင်း တွဲလက်​ညီကို
  15. ခွဲရက်​ပြီ အကြံဆိုးလို့ ။
  16. အမှန်​ငြိုး မဆိုင်းပျက်​​အောင်
  17. သမိုင်းဆက်​​မှောင်​ ။
  18. ရာဇဝင်​ထက်​ မြင်​သာ​အောင်​ကွယ်
  19. ရင်​နာ​တောင်​ ​မေ့ဘူးကွဲ့​လေး ။ ။
  20. ​ဇော်​​ဇော်​ ( မလှိုင်​)

0 comments:

Post a Comment