Thursday, May 19, 2016

“နောင်တ ”



အရှေ့နေထွက်
အနောက် နေဝင်
ဓမ္မတာ ဖြစ်စဉ်
သေခြင်း တရား
ဘာသာ မခြား
လူမျိုး ကွဲ ပြား
အမုန်း မထား
မေတ္တာ တရား
ညီ မျှ ထားခါ................
..
လောက ဧည့်သည်
ခေတ္တ အလည်
ရောက်လာ ခါဝယ်
ဗုဒ္ဓ မြတ်တရား
ရင်ဝယ်မှာ ထား
တွေး မမှားစေ 
အို*ချစ်မိတ်ဆွေ ...........
.
မှိုင်းဝါဒ ဆိုး 
သမိုင်း ချိ့းကွေ့
သတိမလျှင်
ဂူ မမြင်ရာ
မှားခါ တိုးမိ
မသိစိတ်နဲ့ ...ရန်လို
..
တိုင်းရင်းသားခြင်း
မညီတိုက်ပွဲ
ခါခါနွဲသော်
ကြားက ပြည်သူ
စစ်ပြေးရှောင်ရ
ဤသည်ဘဝ
အဖြစ်ဆိုး
မြင်ရတွေ့လာ......
..
ရှေ့ မျှော်တွေးခါ
ရင်ဝယ်မကောင်း
လက်သန်းလေးသာ
ပြန်ကြည့်မိသည်
နောက်တများစွာ.........နှင့်။

0 comments:

Post a Comment