ပန်းချစ်သူ

အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်..။

Tuesday, July 18, 2017

** အလေးပြုကြစို့ **

ဒီနေ့ အာဇာနည်နေ့မို့ သူငယ်ချင်းတို့ရေ ဗိုလ်ချုပ် ဦးအောင်ဆန်းနှင့် အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို-------- ** အလေးပြုကြစို့ ** ဇူလိုင်ဆယ်ကိုး မျက်ရည်မိုး သွန်းဖြိုးခါပေ- လေးပြုလေ ll ဗိုလ်ချုပ်ဖခင် ကျေးဇူးရှင် ဦးပင်ညွှတ်စေ - လေးပြုပေ ll ဗိုလ်ချုပ်နှင့်ပါ ကိုးဦးဗျာ လွန်စွာရိုသေ - လေးပြုစေ ll အသက်ပေးသွား ခေါင်းဆောင်များ ဝတ်တွားခါပေ - လေးပြုလေ ll ဆယ့်ကိုးဇူလိုင် မျက်ရည်ဖြိုင် ကိုယ်တိုင်ရပ်လေ - ကန်တော့စေ ll ကျော်သူ...

** ဇူလိုင်​မှတ်​တမ်း ***

** ဇူလိုင်​မှတ်​တမ်း *** မြန်​တခွင်​ ပူဖြိုင်​ကျ ဇူလိုင်​လ. မှတ်​တိုင်​၊ တူမှိုင်​ရ. ခပ်​ယိုင်​ယိုင်​ကွယ်​ သပ်​ခိုင်​ခိုင်​ (အ)ပူစွဲ ။ ပန်း​ကောင်းတို့. ညွှန့်​ကျိုးကာ.ကွယ်​ ကျွန့်​မျိုးမှာ ​ဆွေးပူအသဲ ။ ဇာနည်​မြတ်​ ပန်းကိုးသွယ်​.ကိုရယ်​ လွမ်းတိုးမယ်​ ​နေမြဲ။ ကျွမ်းညိုးဖွယ်​ ​ကြေကွဲပါလို့ ​ဝေမစဲ မျက်​ရည်​ ။ ရာဇဝင်​ တိတ်​သမိုင်း​ပေမို့ စိတ်​အရိုင်း လွမ်း ​ဖြေမဆည်​ ။ စည်းလုံးခြင်း တွဲလက်​ညီကို ခွဲရက်​ပြီ အကြံဆိုးလို့ ။ အမှန်​ငြိုး မဆိုင်းပျက်​​အောင်​ သမိုင်းဆက်​​မှောင်​...

အာဇာနည်နေ့ဒို့မမေ့

##၁၉ ဇူလိုင် မမေ့နိုင်## @@ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်းရုတ်တရက် သေနက်သံကြောင့်လမ်းမီးတိုင်ထက်ကငှက်ကလေးတွေ ဝုန်းဆိုဝေါကနဲ အလန့်တကြားကောင်းကင်ပေါ်ပျံသွားတယ်။ @@အဲ့ဒိနေ့က..........ကမ္ဘာမီးလောင် သားကောင်ချနင်းကမ္ဘာသာမီးလောင်ကျွမ်းသွားတယ်သားကောင်ကို ချမနင်းရက်ခဲ့ဘူး။ @@ဇူလိုင် ၁၉ ရက်......ကံကြမ္မာက ဒဏ်ရာတွေတမင်ဖန်တီးလိုက်ပြီလားရက်စက်လိုက်တာဗျာလုပ်ရက်လိုက်လေခြင်း။ @@နံနက်ခင်းလေးကလှပ သယောင်,ယောင်နဲ့အကျည်းတန် မျိုးမမှန်လူတစ်စုကြောင့်ဇူလိုင်...

Monday, July 18, 2016

ဆုကြီးနိဗ္မာန်တည်း

အလှူရေစက် ၊ လက်နှင့်မကွာများသူငှားတို့၊ လှူနိုင်ကြစေတောင်းဆုချွေ၏။..ဘ၀လက်ရုံး ၊ သုမေဓါထုံးနှလုံးမူလျှက် ၊ စွဲကျင့်သုံးယှက်မှတ်ယူကြပါကုန်။..လှူ ဒါန်းတစ်စ ၊ပေါင်းများစွာလျှင်များလာရက်ပေါင်း ၊ အောင်စေညောင်းလျှက်ဆုကြီးနိဗ္မာန်တည်...

Thursday, May 19, 2016

“နောင်တ ”

အရှေ့နေထွက် အနောက် နေဝင် ဓမ္မတာ ဖြစ်စဉ် သေခြင်း တရား ဘာသာ မခြား လူမျိုး ကွဲ ပြား အမုန်း မထား မေတ္တာ တရား ညီ မျှ ထားခါ................ .. လောက ဧည့်သည် ခေတ္တ အလည် ရောက်လာ ခါဝယ် ဗုဒ္ဓ မြတ်တရား ရင်ဝယ်မှာ ထား တွေး မမှားစေ  အို*ချစ်မိတ်ဆွေ ........... . မှိုင်းဝါဒ ဆိုး  သမိုင်း ချိ့းကွေ့ သတိမလျှင် ဂူ မမြင်ရာ မှားခါ တိုးမိ မသိစိတ်နဲ့ ...ရန်လို .. တိုင်းရင်းသားခြင်း မညီတိုက်ပွဲ ခါခါနွဲသော် ကြားက ပြည်သူ စစ်ပြေးရှောင်ရ ဤသည်ဘ၀ အဖြစ်ဆိုး မြင်ရတွေ့လာ...... .. ရှေ့...

*ထူးမြတ်ကဆုန် လွမ်းဘို့ကြုံ*

=============== ထူးမြတ်ကဆုန် လွမ်းဘို့ကြုံသော ပန်းမှုံဖူးကြ ဤသည့်လမှ ဗုဒ္ဓလောင်းလျာ သုမေဓာသည် မြတ်စွာဒီပင် နှုတ်ပလ္လင်မှ ထုတ်ဆင်ချွေခ ဗျာဒိတ်ရလို့ မြတ်လှကဆုန် စသည့်ပုံ--- ---စွမ်းကုန် ထူးလှပေတော့သည်...။ ရဂုံသာမော အင်ကြင်းတောတွင် ရှင်စောမြတ်စွာ အလောင်းလျာသည် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်နှစ် လဖြင့်ကဆုန် ဖွားလာပုံက တဖုံထူးခြား ခုနှစ်လှမ်းသွား၍ စကားသုံးခွန်း မိန့်ချွေမွှန်းပြီ ဤဇမ္ဗူမှာ ငါသာလျှင် လွန်ပင်မြတ်လှပေတော့သည်...။ လေးဆယ်ငါးဝါ...

“ရွှေကညစ် နဲ့ ရွှေခေတ်သို့ အကြို ” ( ဖွင့်ပွဲ ကဗျာ )

............................ ရွှေ*..စကားတွေ ပြောဆိုရေးကို ..ကြားနာလိုက တို့ရင်မှာဖွား ..မိတ်သဟာများ နှလုံးသားမှာ..ဘုရားတံဆိပ် တရားနှိပ်ကာ..သိမ်းထားပါမှဖြစ်မည်တည်။..က*..ဆုန်လပြည့် ဖွင့်လစ်တည်ထောင်....မိတ်သဟာများ မကျန်သွားအောင်....အဖိတ်အခေါ် ပြုလိုက်ပါသော်...မနှေးအမြန် လှမ်းလာစေကြောင်း...မိတ်ပေါင်းအားလုံးခေါ်ပါလေ၏။...ညွှစ်*.ဖွယ်ကင်းစေ လူငယ်လေးတွေ.မွေးထုတ်နိုင်မှ အမျိုးဘာသာ.သာသနာနှင့် နောင်လာမျိုးဆက်..အမှန်ပင်အားတက်ရမည်တည်း။..နဲ့*..နဲ့လေးတွေး မရေးလေနှင့်..နက်နက်သာရေး...

Friday, February 26, 2016

တပေါင်းနွေ

`` တပေါင်းနွေ ´´ ရေလိုကြည်အေး ပူဝေးစေရန် ပေါင်းစုကာပြု လှူဒါန်းမှုလျှံ ချစ်စရာ့ မြန်မာဓလေ့ဟန် မြန်မာတို့ရဲ့. မပျက်အမွေ ...တပေါင်းနွေမှာလေ... . တပေါင်းနွေလှ.စာသပန်းချီ ဆေးချယ်မဆုံး.တေးသီမကုန် ကြူးရင့်ဥသြ.နံနက်တေးသံ ထွန်းလင်းဖြာလျှက်.နေရောင်ရှိန်နှင့် တူပြိုင်ကာလှသည်လေး.. . တပေါင်းနွေဆီ.တမ်းတပါသည် . ရော်ရွက်ဝါ ကြွေကာကျ မြေမှာခ စီရီ။ .. လေသဘာဝ နှောက်ပွေလီတယ် ရောက်လေပြီ နွေဦး ။ . ရဂုံတွင်း ဆူဆူညံ ပင်မြင့်ယံ ကျေးငှက်တို့မြူး ။ . နွေသရုပ် လက်ပံနီ ရဲရဲညီ ပွင့်ဖူး ။ . ဥသြငယ် တွန်ကျူးလို့ သရက်ဖူး ကြိုင်စွာ ။ . ပတ်ဝန်းကျင်...

From Myamar View.

Myamar View ...