Friday, September 18, 2015

“ တရားရိပ် ”


“ တရားရိပ် ”
ဆယ်စုများစွာ ၊ ရှည်လျှားကျော်ဖြတ်
နှစ်ထပ်.ရက်ထပ် ၊ ဘ၀ဇာတ်ခုံ
ကြုံ ခဲ့သွယ်သွယ် ၊ အန္တရာယ်စုံ
တကယ်စုံခဲ့ပြီး….။
….
တောင်နှင့်တောလမ်း ၊ လက်ကမ်းလင့်ကြို
ရှေ့ကိုတိုးလိုက် ၊ မှောင်မိုက်ရှုတ်ထွေး
ငြိဘေး ဆွဲချ ၊ ၀ဲဂယက်တွင်း
လွှတ်လမ်းမမြင်တော့ပြီး…။
……
ပြည့်ဝတရား ၊ အများသူတော်
လွဲချော်မရှိ ၊ သစ္စာရှိရန်
ဤတောင်ယံမှာ ၊ ရုပ်နာမ်ခန္မာ
ဘယ်လိုရှာကြမလဲ…။
….
ကုန်းမြေတောတန်း ၊ အေးချမ်းငြိမ်ဆိတ်
တရားရိပ်မြတ် ၊ နိဗ္မာန်ဓါတ်လွမ်း
စခန်းတခု ၊ ဤတောစုမှာ
မုချမသွေရှိပါလေ၏။
…..

တော်ဝင်ဒဿန ၊ အနိစ္စနှင့်
ဒုက္ခ အနတ္တ ၊ ဓမ္မတရား
နှလုံးသား၌ ၊ ပြည့်ဝရွှင်ပျော်
သူတော်အများ ၊ တရားရှာရာ
ဘုရားကုန်းမြေဿသနမြေတည်း.။
……………………………………


……………………………………

...........ကမ္ဘောဇမြေမှပန်းချစ်သူ..............

0 comments:

Post a Comment