Friday, September 11, 2015

* ထန်းရည်ရောင်းတဲ့ ထနောင်းငယ်*



အမြည်းပါလားကွယ်
သားကြီး ရယ် ဇော်နိုင် နဲ့
သောက်ဖို့ စောင့်နေရဲ့ ။
* ခြေမလေး နဲ့ ချမ်းမြေ့ရေ
မြန်မြန်လာကြလေ
တော်ကြာနေ ထနောင်း က
ရေ ရောတော့မှာဗျ ။
* ဇော်ဝင်းထွဋ် ကနောက်ကျတယ်
သီချင်း ဆိုပေးကွယ်
အလွမ်း လေးရယ် က ပါပေါ့
ဒစ္စကို နဲ့ ရော့ခ် ။
* အောင်ခိုင်မင်း က ကြာလိုက်တာ
ဆေးလိပ်ဝယ်ခဲ့ပါ
ဝေယံလေး သာလာရင်တော့
သူက အကုန်မော့ ။
* အလင်္ကာ တော့မသောက်ပါ
မတိုးလို့ တဲ့ဗျာ
စိတ္တဇ ရယ် လာပါတော့
မျှော်သူမောပါပေါ့ ။
* ထန်းရည် ကတော့ ရောင်းကောင်းတာ
ထည့်မလောက်ပဲဗျာ
အမြည်း ဆိုတာကုန်ပါရော
ထနောင်းငယ် ရင်မော
အိမ်ပြန်သောခါ ထနောင်း မှာ
ပိုက်ပိုက် လည်း မပါ
မျက်နှာငယ်ကာ ငိုလေခြင်း
တီတီလေး က ဗျင်း ------

အောင်ဇော်ဦး ( ကြို့ပင်ကောက် )

0 comments:

Post a Comment