Saturday, June 29, 2013
သံသရာထဲကနွေကဗျာ
..$$$##သံသရာ ထဲကနွေကမ္ဘာ…##$$$
ကဝေပျံအတတ်နဲ့ 
ငါ့ရင်မှာ အချစ်တံဆိပ်ကပ်
မင်း...တပ်ဆင်ခဲ့ အလွမ်းခြူသံ
မှော်လက်နဲ့  ချွေဖျက်လိုက်တဲ့ ငါ့အသည်း
ငါ...မသိလိုက်ဖူး..မင်းလေးက
မှော်ဆန်လွန်းတဲ့ မာယာတောမှာ
တောကျွမ်းတဲ့ မှော်ဘုရင်က. နင်
မှော်ကဝေတို့ ရဲ့ ဘုရင်လေး တစ်ပါး
ငါ့အသွေးအသားကိုသွေးအေးအေးနဲ့  တဖဲ့ချင်းချွေ
နင်လေ....ရက်စက်တတ်လိုက်တာနော်..။
အရိုင်းလက်နဲ့ ချိုးဖဲ့ခံခဲ့ရသူမို့ 
အလွမ်းကိုပျော်စရာနဲ့  ကိုင်းကူးကြည့်လည်း
မူးမူးမိုက်မိုက်လွမ်းမိတယ် တဲ့ငါ
ဘယ်ဘက်နှလုံးသားကို နာကြင်စေတယ်။
ငါ  ဖြန့်ဝေလိုက်တဲ့  အလင်းတချို့
မင်းအတွက်..မည်းညို့ စရာအမှောင်.
.ဘာများပါသွားလဲကွယ်..။
မေ့လိုက်ပြီလို့ နဲ့  မိုးပေါ်မော်ကြည့်မိတော့
တိမ်ပြာပြာ ကောင်းကင်နံရံမှာ
ထွင်းထုဆေးရေးချယ်ထားလဲ
ဒီမှာ..ငေးရင်းကြွေ..ကြွေရင်းငေး
မှန်စာထက်ထက်ကြိုးတလက်နဲ့ 
လေပြေနုခမျာ အပွတ်တိုက်ခံရသလိုဘ၀မျိုး..။
ငါ့နားနံရံမှာ ပြန်ကြားယောင်တယ်..ထာဝရပါ။
$$$$...ပန်းချစ်သူ...$$$$
0 comments:
Post a Comment