Monday, May 20, 2013

.တွေးမိပါသေးသည်...





.....တွေးမိပါသေးသည်... 

လူဘဝဘုံတစ်ခွင့်မှာ

သောကတွေစုံလင်လှသမို့ 

လောဘကိုခုံမင်စား

ဒေါသကိုခေါင်းစဉ်မှားနဲ့

မောဟကို ပုံပြင်လိုဟား

ဒီလိုသာ

လောကကိုကျင်လည်ကာသွားနေရင်တော့

သေရင်ပေါ့ အနာဂါတ်

ဘယ်လိုရှေ့ခရီးဆက်မလဲဆိုတာ

မင်းတွေးရှာမိသေးလား.........။
အကာကိုအရောင်ခြယ်

ဂုဏ်တွေကိုစားတော်တည်လိုက်

သမုဒယနွယ်ခိုခိုက်မှာ

ပျော်ပိုက်ကာ အနှစ်ထင်သူ

အဆူဆူပင် မြတ်ဗုဒ္ဓ

ဂင်္ဂါ ဝါလုပွင့်ချွတ်နေလဲ

မင်းအခုထိ အမြီးရှေ့နောက်မကွဲ

လူဖလံ မီးဆွဲသွားရင်

တွဲချင်သေးလား ဒီအကာ

လူဘဝဆိုတာ တစ်ခဏနား

ပျံသန်းသွားခဲ့ရင်

ဘယ်စခန်းနားရမလဲဆိုတာ

မင်းတွေးရှာမိသေးလား .......။
.

0 comments:

Post a Comment