Saturday, May 4, 2013

စနေနေ့ရဲ့ညတည

♥♥♥စနေ့နေရဲ့ညတစ်ညမှာပေါ့

အမှောင်ထုတွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ မင်းရဲ့
စကားသံလေးတချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ...... ။

ညင်သာစွာပြောတဲ့မင်းရဲ့စကားလုံးတိုင်းကို
ငါရေတွက်နေမိသည့်တိုင်မင်းဆီကလွင့်ပျံ့လာတဲ့
ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
ရီဝေယစ်မူးစေခဲ့ပြီ.....။

ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့စကားသံတွေကို
ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
မင်းရဲ့စကားသံ့တွေ အမြဲတမ်းတမ်းတနေမိတယ်......။


အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
မင်းဆီမှာမိခဲ့တယ် တကယ်ပါမင်းကို
ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ..အမြဲထာဝရပါ..။ ပန်းချစ်သူ

0 comments:

Post a Comment