Wednesday, May 1, 2013

.ဒီလိုရှိတယ်ချစ်သူ....

ခမ်းခမ်းနားနားချစ်သူတွေ မဖြစ်ချင်နေပါ
ကိုယ့်ဥတုနဲ့ကိုယ်စိမ်းလန်း ပြီး
ရင်ဘတ်အနွမ်းတွေမရှိရင်တော်ပါပြီး....။

ဒဏ်ရာဒဏ်ချက်တွေကို
အနာတရ ထပ်မဖြစ်စေဖို့
နင်ရဲ့ မှန်း တဲ့စကားလုံးတွေနဲ့
မနှစ်သိမ့်ပါနဲ့တော့ ….ချစ်သူ ……။

မချစ်ချင်ရင်လည်း မုန်းသွားပါ
“ရပါတယ်” ချစ်သူ……
ငါ ဘက်ကတော့ မုန်းသွားတဲ့ ချစ်သူအတွက်
ကွဲသွားတဲ့ အသဲနဲ့ ထာဝရအမြဲ
ဆက်ချစ်နေမယ်လို့တော့
မထင်လိုက်ပါနဲ..သူကြင်မှကိုယ်ကြင်ပါ...။

ပန်းချစ်သူ..

0 comments:

Post a Comment