ဒီနေ့ အာဇာနည်နေ့မို့
သူငယ်ချင်းတို့ရေ ဗိုလ်ချုပ်
ဦးအောင်ဆန်းနှင့် အာဇာနည်
ပုဂ္ဂိုလ်ကြီးတွေကို--------
** အလေးပြုကြစို့ **
ဇူလိုင်ဆယ်ကိုး
မျက်ရည်မိုး
သွန်းဖြိုးခါပေ- လေးပြုလေ ll
ဗိုလ်ချုပ်ဖခင်
ကျေးဇူးရှင်
ဦးပင်ညွှတ်စေ - လေးပြုပေ ll
ဗိုလ်ချုပ်နှင့်ပါ
ကိုးဦးဗျာ
လွန်စွာရိုသေ - လေးပြုစေ ll
အသက်ပေးသွား
ခေါင်းဆောင်များ
ဝတ်တွားခါပေ - လေးပြုလေ ll
ဆယ့်ကိုးဇူလိုင်
မျက်ရည်ဖြိုင်
ကိုယ်တိုင်ရပ်လေ - ကန်တော့စေ ll
ကျော်သူ ဟင်္သာတမြေ ll
0 comments:
Post a Comment