Wednesday, July 15, 2015

“ဦးယျာဉ်မှူးပမာမြတ်ဆရာ”

မြေဖြူတချောင်း ၊ လက်မညောင်းဘဲ
လက်အံသေလည်း ၊ သင်နေဆဲဘဲ
ရိုးသားလှစွာ ၊ပြုံးမျက်နှာဖြင့်
ချိုသာရွှန်းလက် ၊ နူတ်ခွန်းဆက်တော့
ရင်မှာစွဲကျန် ၊ ခံစားစူးရှ
မှတ်တမ်းလေးဖြစ်၊ စွဲထင်စွာဖြင့်
ဦးယျာဉ်မှူးပမာ မြတ်ဆရာ ဟု
တပည့်များရင် ကဗျဉ်းတင်ခဲ့.လေပြီး..။
……
ဝလုံးမှစ  ၊ သင်ရိုးမြန်မာ
တတ်အောင်လည်သင် ၊ဆုံးမမှုပေး
ဘာသာရေးရှု ၊ ကိုင်ရှိုင်းရိုသေ
မကျန်ရအောင် ၊ ပဲ့ပြင်ဆုံးမ
ပရဟိတ ၊ အသိလည်းဝင်
လုပ်စေချင်ကျိုး ၊ သွန်သင်ပေးရှာ
ဦးယျာဉ်မှူးပမာ မြတ်ဆရာ




......ပန်းချစ်သူ.....

0 comments:

Post a Comment